Hello!
မင်္ဂလာပါ ရှင့်။
WELCOME, my friend!!!


I am Seng Mai Kinraw. All my family and friends call me Mai, in a much friendly way. Feel free to call me 'Mai'.

I was born in Myitkyina, which is located in the northern part of Myanmar. I spent a huge amount of my life growing up in the capital Yangon. I am currently based in Germany with my husband.

I can speak Myanmar, Kachin and English. I am still far from being fluent in German language though.


I am so interested in being healthy ...

Ever since I've got married, I wanted to be good at cooking. However I had been eating what mom cooked for my entire life and I could barely know how to hold a kitchen knife. I therefore started to search for recipies online and buy books on cooking. As I was doing cooking self-study, I started to realized the importance of health and nutrition in the food we consume.

Eating is not just to stay alive. Eating is essential:
1) for a healthy and a disease free life
2) for a creative well being and a good memory, and 
3) for a healthy heart.


All started from my inquisity...

It so happened that I was looking for a delicious recipe to cook one fine Sunday afternoon that  I came across a video about raw vegan diet. It was about this 70 years old granny who had been drinking vegetable juice planted from her backyard. The granny looked like she was in her 40s!


As a typical lady, I want to look youthful for the rest of my life! As I did more research on vegetable and vegan diet, I found out that many terminally ill patients who underwent extreme diet changes not only were alive, but they ended up looking more youthful than they ever were!

The more I read about their success stories, the more I wanted to be involved. I bought books about health and tried to experiment it out on my husband. After testing out a month of intense vegan diet, he not only lost weight, but his skin became alot more smoother and radiant.



It grows into my passion ...

In asia, we have a food culture and that everything that is delicious is eaten. I am actually a food junkie to be honest! Since I started to know about nutrition, I pay more attentions on the food I eat. On the other hand, I was feeling sad, because at the moment I am eating good food in the developed country, my beloved family is eating whatever they have (with no concern of health) in the developing country.

I am so convinced of the benefits of a healthy lifestyle that I shared every possible information with my family members through internet. Because I really want my family to live a long long life with me, as they are truly wonderful persons of my life.

The idea of a blog happened when my husband called me the "evangelist" after seeing how I have been talking to my friends (not only to my family) about healthy eating. Thus I thought to myself: this information is too good to be kept at home. Everyone out there should know about it!

Thats why the blog :D

ကြိုဆိုပါတယ် မိတ်ဆွေ။


ကျွန်မက ကင်ရောဆိုင်းမိုင်းပါ။ ခင်မင်ရင်းနှီးတဲ့သူတွေ အားလုံးကတော့ မိုင်း လို့ ခေါ်ကြပါတယ်။ ဒါကြောင့် ခင်မင်တဲ့အနေနဲ့ မိုင်းလို့ဘဲ ခေါ်ချင်ခေါ်ပါ။

မိုင်းကို မြန်မာပြည် မြောက်ပိုင်းက မြစ်ကြီးနားမြို့မှာ မွေးဖွားပြီး၊ မိုင်း ကျောင်းစ
တက်တဲ့ အရွယ်ကစလို့ နောက်ပိုင်းချိန်ထိ မြို့တော်ရန်ကုန်မှာ ကြီးပြင်းခဲ့တာပါ။ အခုတော့ အမျိုးသားနဲ့အတူ ဂျာမနီနိုင်ငံမှာ နေထိုင်နေပါတယ်။

ဗမာစကား၊ ကချင်စကားနဲ့ အင်္ဂလိပ်စကားတွေကို မွတ်နေအောင်(နီးပါး)
ပြောပါတယ်။ ဂျာမန်စကားကိုတော့ ရေလည်အောင် မပြောနိုင်သေးပါဘူး။


မိုင်းက ကျန်းမာရေးကို သိပ်စိတ်ဝင်စားတယ်...

လက်ထပ်ပြီးနောက်ပိုင်းမှာ ကိုယ်တိုင် အိမ်ဟင်းကောင်းကောင်းလေးတွေချက်ချင်ပါတယ်။ ဒါပေမယ့် အမေ့လက်ရာကိုဘဲ တစ်သက်လုံးစားပြီး ကြီးလာတဲ့ မိုင်းက  မီးပူချောင်ဓါးတောင် သေချာမကိုင်တတ်ခဲ့ပါဘူး။ ဒါကြောင့် အင်တာနက်
ကြည့်၊ စာအုပ်တွေ ၀ယ်ဖတ်ရင်း ကိုယ့်ဘာသာ ကိုယ်သင်ယူပါတယ်။ အဲ့လို
လုပ်ရင်းကနေ ထမင်း ဟင်းချက်နည်းတွေ သိလာတဲ့အပြင် အစာအာဟာရရဲ့ အကျိုးဝင်ပုံကို ပိုပြီး သိလာပါတယ်။

အစာစားတာ အသက်ရှင်ရပ်တည်ဖို့ တစ်ခုတည်းအတွက် မဟုတ်ပါဘူး။
၁) ရောဂါ ဗယ ကင်းဝေးပြီး ကျန်းမာဖို့
၂)  စိတ်ကူးဥာဏ်ကောင်းပြီး ထက်မြက်ဖို့ အပြင်
၃) စိတ်နှလုံး ငြိမ်းချမ်း ပျော်ရွှင်ဖို့ ပါ။


စပ်စုရာကနေ စတာဘဲ...

အားလပ်တဲ့ တနင်္ဂနွေနေ့ တစ်နေ့မှာ တစ်ခုခုချက်စားမယ်ဆိုပြီး အင်တာနက်မှာ မွှေ့နေရင်း ဟင်းရွက်အစိမ်း စားသုံးခြင်းနဲ့ဆိုင်တဲ့ ဗွီဒီယိုလေးတစ်ခုကို တွေ့တယ်။ အဲ့ဒီမှာ အသက် (၇၀) ကျော် အဘွားတစ်ယောက်က နေ့တိုင်း သူ့အိမ်နောက်ခြံက ကိုယ်တိုင်စိုက်ထားတဲ့ ဟင်းသီး ဟင်းရွက်တွေကို နေ့တိုင်း စား၊ သောက်ပါ တယ်။ သူ့ကို ကြည့်ရတာ အသက် (၄၀)ကျော်လား အောက်မေ့ရတယ်။


ကိုယ်တိုင်ကလည်း လှချင်သူကြီးမို့ အသီးအရွက်အကြောင်းတွေ ဆက်ပြီးရှာဖွေ တော့တယ်။ အသားသတ်လွတ်စားခြင်းရဲ့ အကျိုးကျေးဇူးတွေကို လေ့လာမိတော့ နာတာရှည်ဖျားတဲ့ လူနာတွေတောင် အကောင်းပကတိအတိုင်း ကျန်းမာလာနိုင်တယ်ဆိုတာကို တွေ့လာမိတယ်။ ဒါထက်မက သူတို့တွေက ရှိရင်းအသက်ထက် တောင် ပိုနုပျိုနေသလိုပါဘဲ။

လူတွေ ပိုကျန်းမာလာတဲ့အကြောင်း ဖတ်မိလေ ကိုယ်တိုင်လည်း ပိုပိုပြီး ကျန်းမာချင်လာလေ။ ဒါနဲ့ ကျန်းမာရေးနဲ့ဆိုင်တဲ့ စာအုပ်တွေ ၀ယ်ဖတ်ပြီး အဲ့ဒီထဲက ပါတဲ့အတိုင်း အမျိုးသားကို ချက်ကျွေး။ တစ်လလောက် အသားသတ်လွတ်ကို သေချာ နည်းစနစ်တကျ စားတာနဲ့တင် ကိုယ်ရည်စစ်သွားပြီး၊ အသားရေ ပိုလှလာခဲ့တယ်။


စိတ်ကူးတွေ အကောင်းအထည်ဖော်မယ်...

မိုင်းတို့ အာရှနိုင်ငံတွေမှာဆိုရင် အရသာရှိပြီဆိုတာနဲ့ မြိန်ရေယှက်ရေ စားတတ်ပါတယ်။ မိုင်းကိုယ်တိုင်လည်း အစားသောင်းကြမ်းတဲ့သူပါ။ ကျန်းမာရေးအကြောင်းကို လိုက်စားလာတဲ့ နောက်ပိုင်းမှာတော့ မိုင်းလည်း ကိုယ်စားမယ့် အစားအစာကို အလေးထား ဂရုစိုက် တတ်လာတယ်။ တဖက်မှာလည်း စိတ်မကောင်းဖြစ်မိတာ တစ်ခုတော့ ရှိတယ်။ ဘာလို့လဲဆိုတော့ ကိုယ်က ဒီလို တိုးတက်တဲ့နိုင်ငံမှာ အစားအသောက်ကောင်းတွေ စားနေတဲ့အချိန်မှာ တိုးတက်ဆဲနိုင်ငံက ကိုယ်ချစ်တဲ့ မိသားစုကတော့ ကျန်းမာရေးအကြောင်းတွေးပူမနေဘဲ စားသောက်နေကြတယ်။

ဒါနဲ့ မိုင်းလည်း ကိုယ်လေ့လာထားသလောက် ကျန်းမာရေးအကျိုးကျေးဇူးတွေကို ဖြစ်နိုင်သမျှနည်းလမ်းတွေနဲ့ အင်တာနက်ကနေတဆင့် မိသားစုကိုပြောဖြစ် တယ်။ တကယ်ပါ မိုင်းကတော့ ကိုယ်ချစ်တဲ့မိသားစုကို ဒီထက်မကပိုကျန်းမာပြီး အသက်ရှည်ရှည် နေစေချင်တယ်။


မိုင်းရဲ့ အမျိုးသားက မိုင်းကို “တရားဟောသူကြီး” လို့ စနောက်ပြီး ခေါ်ရာကနေ ဒီ blog ကို တကယ်ရေးဖို့ဖြစ်လာတာပါ။ မိသားစုတင်မကဘူး သူငယ်ချင်းတွေကိုပါ ကျန်းမာရေးနဲ့ဆိုင်တဲ့အကြောင်းကို ပြောပြောနေတာကိုး။ တစ်နေ့တော့ ဗဟုတုသတွေက တစ်ယောက်တည်း အိမ်မှာ ၀ှက်ထားရမယ့် အမျိုးမဟုတ်ဘူး၊ လူတိုင်းသိလေ ကောင်းလေဘဲ ဆိုပြီး အတွေးပေါက်သွားတယ်။

အခုတော့ တကယ်ရေးပြီ... :D
God wants us to have the optimum health ...

Optimum health is not only just the physical health. Optimum health is to be healthy both physically, mentally and spiritually. A healthy lifestyle to me requires three things: 

1) Living out life to the fulless
2) Loving life and being thankful for it
3) and sharing love unconditionally

To be spiritually healthy, I need God to help me with the three things. God is love. The creator of heaven and earth believes in us, so that we can live out life to the fulless. As He first love us, we are able to love ourselves and the people around us. Therefore to have a happy and worry-free life, it is essential to know Jesus Christ personally. I can testify to that! :)


May all your wishes come true.
May your life be peaceful.
May you have a happy healthy long life.
May the Love of God be filled in your life, I pray.

with Love,
mai
ဘုရားသခင်က လူတိုင်းကို ကျန်းမာစေချင်တယ်...

အလုံးစုံကျန်းမာတယ် ဆိုတာ ကိုယ်ကာယ သန်စွမ်းတာ တစ်ခုတည်းကို ခေါ်တာမဟုတ်ပါဘူး။ ခန္ဓာ၊ စိတ်၊ ၀ိညာဉ် သုံးပါးလုံး ကျန်းမာမှ အလုံစုံကျန်းမာတယ်လို့ ဆိုရမှာပါ။ ၀ိညာဉ်ရေးကျန်းမာတဲ့သူက ဒီအချက် (၃)ချက်နဲ့ ကိုင်ညီဖို့လိုပါတယ်။

၁) အဓိပ္ပာယ်ရှိတဲ့ အသက်တာနဲ့ ရှင်သန်တယ်
၂) ချစ်ခြင်းမေတ္တာနဲ့ နေထိုင်ပြီး ကျေးဇူးတင်တဲ့ နှလုံးသားရှိတယ်
၃) ကြီးမားတဲ့ မေတ္တာတရားကို ဝေမျှတယ်။

ဝိညာဉ်ရေးရာ ကျန်းမာဖို့အတွက် ထာဝရဘုရားသခင်ဆီက ကောင်းကြီးလိုအပ်တယ်။ မိုင်းအတွက်တော့ ထာဝရဘုရားသခင်က ချစ်ခြင်းမေတ္တာပါ။ ကောင်းကင်နဲ့ မြေကြီးကို ဖန်ဆင်းတဲ့ ဘုရားရှင်က တို့အားလုံးရဲ့ ဘ၀တွေကို အဓိပ္ပာယ်ပြည့်စုံစေပါတယ်။ သူက မိုင်းတို့ကို အရင် သိပ်ချစ်တာမို့ မိုင်းတို့လည်း သူတပါးကို ချစ် .နိုင်လာတာပေါ့။ ဒီအကြောင်းတွေကို မိုင်း သေချာပြောပြပါ့မယ်။း)


မိတ်ဆွေရဲ့ဘ၀မှာ တောင်းတဲ့ဆုနဲ့ ပြည့်စုံပြီး၊ ငြိမ်သက်ခြင်း ချမ်းသာနဲ့ ပြည့်စုံတဲ့ ဘ၀ကို ပိုင်ဆိုင်နိုင်ပါစေ။ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာ မိတ်ဆွေအပေါ် အစဉ် လွှမ်းခြုံပါစေ။ ဆုတောင်းပေးလိုက်ပါတယ်။

ချစ်ခြင်းများစွာဖြင့်...
မိုင်း